back

ထိုင်းနိုင်ငံတွင် အလုပ်ရှင်များ၏ နှိပ်စက်ခံရသည့် မြန်မာလုပ်သားကို တွေ့ဆုံအားပေး

May 09 • 4:05 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် အလုပ်ရှင်များ၏ နှိပ်စက်ခံရသည့် မြန်မာလုပ်သားကို တွေ့ဆုံအားပေး

ထိုင်းနိုင်ငံတွင် အလုပ်ရှင်များ၏ နှိပ်စက်ခံရသည့် မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထောက်ပံ့ငွေပေးအပ်ကာ တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်...

ထိုင်းနိုင်ငံတွင် အလုပ်ရှင်များ၏ နှိပ်စက်ခံရသည့် မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထောက်ပံ့ငွေပေးအပ်ကာ တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။ ထိုင်းသတင်းများတွင် ဖော်ပြမှုများအရ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် စကားပြန်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးကို ပိုင်ရှင်နှင့် တရုတ်နိုင်ငံခြားသားများက ရိုက်နှက်နှိပ်စက်ကာ ရေနွေးပူများဖြင့် လောင်းခဲ့ကြောင်း၊ ရေနွေးပူများကို ပါးစပ်ထဲလောင်းထည့်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး ကျူးလွန်သူသုံးဦးကို ဖမ်းဆီးထားသည်ဟုလည်း သိရသည်။





news-view-count-icon

10