back

စစ်ကိုင်းအထက်ပိုင်း စက်ရုံတွေက ကြံလျှော့ချ ဝယ်ယူလို့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရ

May 09 • 2:21 PM

breaking-news

Myanmar

Sagaing

cover

စစ်ကိုင်းအထက်ပိုင်း စက်ရုံတွေက ကြံလျှော့ချ ဝယ်ယူလို့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရ

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေက ကြံဝယ်ယူကြိတ်ခွဲမှုတန်ချိန် အလွန်နည်းတဲ့အတွက် မရောင်းရတဲ့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရတယ်လို့ ကြ...

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ကသာခရိုင်ထဲက သကြားစက်ရုံတွေက ကြံဝယ်ယူကြိတ်ခွဲမှုတန်ချိန် အလွန်နည်းတဲ့အတွက် မရောင်းရတဲ့ ကြံခင်းတွေကို မီးရှို့ဖျက်ဆီးပစ်နေရတယ်လို့ ကြံစိုက်တောင်သူတွေဆီက သိရပါတယ်။ တရက်ကို တန် ၈၀၀၀ ကြိတ်ဝါးနိုင်တဲ့  ဝေမာ စက်ရုံ ၊တန် ၂၀၀၀ ကြိတ်ဝါးနိုင်တဲ့ MSD မြန်မာ့သကြားဖွံ့ဖြိုးတိုးတက်ရေးစက်ရုံ ၊ တန် ၅၀၀၀ ကြိတ်ဝါးနိုင်တဲ့ MES နဲ့ တန် ၃၀၀ ကနေ ၇၀၀ ကြားကြိတ်ဝါးနိုင်တဲ့ စက်ရုံအသေးတချို့ရှိပေမယ့် ဝေမာသကြားစက်ရုံက လည်ပတ်နိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ ကျန်တဲ့ သကြားစက်ရုံတွေကလည်း နေ့စဥ်ကြိတ်ဝါးနိုင်တဲ့ ကြံတန်ချိန်ထက် လျှော့ချပြီး ကြိတ်ဝါးတဲ့အခြေအနေတွေကြောင့် တောင်သူတွေထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူနိုင်ခြင်းမရှိတဲ့အတွက် ကြံစိုက်ခင်းတွေကို မီးရှို့ဖျက်ဆီးနေရတာ ဖြစ်တယ်လို့ သိရပါတယ် ။ ကသာခရိုင်မှာ ကြံစိုက်တောင်သူ ထောင်နဲ့ချီရှိပြီး နှစ်စဥ် ကြံတန်ချိန် ၁၂ သိန်းအထက် ထွက်လေ့ရှိကြောင်း ၊ ဒီနှစ်ကြံရာသီမှာ ကြံစိုက်တောင်သူ အားလုံးအရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် လာမယ့်ကြံရာသီမှာ ကြံစိုက်ပျိုးမှု လျှော့ချလုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


news-view-count-icon

21