ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးပြီး EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒ ရေးဆွဲနေ

May 09 • 2:18 PM

breaking-news

Myanmar

Local

breaking-news
cover

ယာဉ်အို၊ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးပြီး EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒ ရေးဆွဲနေ

မြန်မာနိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု လျှော့ချဖို့နဲ့ လျှပ်စစ်ကား (EV) များပြားလာစေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်တမ်း ၂၀ နှစ်ကျော် (ဒါမှမဟုတ်) လမ်းပေါ်မောင်းရန် မ...

မြန်မာနိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု လျှော့ချဖို့နဲ့ လျှပ်စစ်ကား (EV) များပြားလာစေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်တမ်း ၂၀ နှစ်ကျော် (ဒါမှမဟုတ်) လမ်းပေါ်မောင်းရန် မသင့်လျော်တဲ့ ယာဉ်ဟောင်းတွေကို ဖျက်သိမ်းစလစ် ထုတ်ပေးကာ EV တင်သွင်းခွင့်ပြုတဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ ပြင်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ယာဉ်အို/ဟောင်းတွေကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ စစ်ဆေးပြီး လမ်းပေါ်မှာ မောင်းနှင်ဖို့အတွက် စိတ်ချရမှု ရှိ/မရှိ၊ ယာဉ်အခြေအနေပေါ် မူတည်ကာ အပ်နှံရန် သင့်/မသင့် ဆုံးဖြတ်မှာဖြစ်တယ်လို့ သိရပါတယ်။ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ နောက်ထပ် ကားလုပ်ငန်းရှင် တယောက်ကတော့ အရည်ကြို မဖျက်ဘဲ ရှေးဟောင်း၊ ကားဟောင်းတွေ လိုင်စင်ဝင်နိုင်ပါက ဆက်လက် စီးနိုင်မှာဖြစ်ပြီး ၂၀၀၀ model အောက်ကားတွေကို အပ်လိုက အပ်နိုင်ကာ EV ကို Bus,Taxi,EV (2030) စသဖြင့် အစားထိုးသွင်းခွင့် ရနိုင်ခြေများတယ်လို့ ပြောပါတယ်။ဆီသုံးစွဲမှု လျှော့ချနိုင်ဖို့ စက်သုံးဆီသုံး ယာဉ်အိုယာဉ်ဟောင်းတွေ အပ်နှံပြီး EV ကားတွေ ပြန်လည်တင်သွင်းတဲ့ စနစ်ကို ဆောင်ရွက်သွားဖို့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ “စက်သုံးဆီ‌များ ဖူလုံစွာရရှိရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ဓာတ်မြေဩဇာများ လုံလောက်စွာရရှိရေး” အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲက ပြောကြားခဲ့တာဖြစ်ပါတယ်။




news-view-count-icon

21