back

ဒဂုံအရှေ့ အမှတ်(၇)လမ်းမပေါ်ကယာဥ်တိုက်မှု (၂)ဦး‌ေသဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

May 09 • 5:34 AM

breaking-news

Myanmar

Yangon

cover

ဒဂုံအရှေ့ အမှတ်(၇)လမ်းမပေါ်ကယာဥ်တိုက်မှု (၂)ဦး‌ေသဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ် (၇)လမ်းမကြီးပေါ်တွင် မေ ၈ ရက်ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဒဂုံမြို့သစ...

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ အမှတ် (၇)လမ်းမကြီးပေါ်တွင် မေ ၈ ရက်ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ သုံးခွရပ်ကွက်၊ အမှတ် (၇)လမ်းမကြီးပေါ်တွင် အမျိုးသား(၆)ဦးလိုက်ပါလာသော အိမ်စီးကားတစ်စီးယာဉ်တိုက်မှုဖြစ်ပွားကာ လူညပ်နေသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေသဆုံးသွားခဲ့ပြီး အမျိုးသား(၄)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့် မစိုးရိမ်ရ)များရရှိခဲ့ကြသဖြင့် လူမှုကူညီရေးအသင်းများက မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

27