ပညာရေးဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် အပန်းဖြေရိပ်သာများနှင့် ဘွဲ့နှင်းသဘင်အဆောက်အအုံများ တည်ဆောက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ မေလ ၂ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ သွားရောက်ကာ လျာထားသည့် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် အင်ဂျင်နီယာမှူးများက အဆောက်အအုံဆောက်လုပ်မည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဝင်းအတွင်းရှိ ဘောလုံးကွင်း၊ အားကစားရုံနှင့် ကန်တင်းတို့ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ 
May 09 • 4:59 AM
Myanmar
Yangon
Share
| 25 | 0 | 0 | 0 |


