back

ရန်ကုန်မြို့အတွင်း လူကူးမျဉ်းကြားမှ မဖြတ်ကူးသူများကို မေလ ၁၄ ရက်မှစတင်၍ ထိရောက်စွာ အရေးယူမည်၊ ဒဏ်ငွေ ၃၀,၀၀၀ ကျပ်အထိ ပေးဆောင်ရနိုင်

May 09 • 4:57 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့အတွင်း လူကူးမျဉ်းကြားမှ မဖြတ်ကူးသူများကို မေလ ၁၄ ရက်မှစတင်၍ ထိရောက်စွာ အရေးယူမည်၊ ဒဏ်ငွေ ၃၀,၀၀၀ ကျပ်အထိ ပေးဆောင်ရနိုင်

ရန်ကုန်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် စနစ်တကျ ဖြစ်စေ ရေး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC...

ရန်ကုန်မြို့အတွင်း သွားလာနေကြသည့် ပြည်သူများအနေဖြင့် လမ်းဖြတ်ကူးရာတွင် စနစ်တကျ ဖြစ်စေ ရေး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က အသိပေးထုတ်ပြန်လိုက်သည်။စည်းကမ်းထိန်းသိမ်းရေးနှင့် Campaign မေလ ၈ ရက် နံနက်ပိုင်းက ပြုလုပ်သည့် "ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားများ စနစ်တကျ အသုံးပြုရေး Campaign"တွင် YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အောက်ပါအတိုင်း ပြောကြားခဲ့သည်။"ယာဉ်အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု ဥပဒေမှာ လမ်းဖြတ်ကူးရင် သတ်မှတ်ထားတဲ့ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ခုံးကျော်တံတားတွေကပဲ ကူးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ပညာပေးကာလ ရက်သတ္တပတ်ပြီးရင် မေလ ၁၄ ရက်ကစပြီး စည်းကမ်းမလိုက်နာသူတွေကို ဥပဒေအရ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ ထက်မပိုသော ဒဏ်ငွေ ပေးဆောင်ရမှာဖြစ်ပါတယ်"

news-view-count-icon

45