ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်သည် ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ကျင်းပပြုလုပ်သည့်(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ပြင်ပဆွေးနွေးပွဲအဖြစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက် နှင့် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်တို့နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးချုပ်အနုတင်သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် အခြေအနေများကို ကမ္ဘောဒီးယားနှင့် ဖိလစ်ပိုင်ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ရတ်ချဒါ သနဒီရက် က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ယခုဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် စုပေါင်းသန္နိဋ္ဌာန် ကို ထင်ဟပ်စေကြောင်း ဖော်ပြခဲ့သည်။
ဆွေးနွေးမှုများတွင် တင်းမာမှုများလျှော့ချရေးနှင့် ယုံကြည်မှုတည်ဆောက်ရေး အစီအမံများကို အဓိကထားခဲ့ပြီး ယင်းသည် တည်တံ့သောငြိမ်းချမ်းရေးနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန်အတွက် လုပ်ငန်းမူဘောင်တစ်ခုကို ခိုင်မာစေရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။



