back

မွေးနေ့အလှူအဖြစ် ဘတ်သန်း ၁၀၀ နီးပါး လှူဒါန်းခဲ့တဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ရဲ့ ပရဟိတသတင်း လူပြောများနေ

May 08 • 3:41 PM

breaking-news

Thailand

Local News

cover

မွေးနေ့အလှူအဖြစ် ဘတ်သန်း ၁၀၀ နီးပါး လှူဒါန်းခဲ့တဲ့ ထိုင်းစီးပွားရေးလုပ်ငန်းရှင်ရဲ့ ပရဟိတသတင်း လူပြောများနေ

ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာ ပြည်နယ်၊ Pak Chong ဒေသက Chiewchan Industry လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်သူ Mr. Chiewchan Konglim နဲ့ မိသားစုဟာ ၎င်းရဲ့မွေးနေ့အထိမ်းအ...

ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာ ပြည်နယ်၊ Pak Chong ဒေသက Chiewchan Industry လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်သူ Mr. Chiewchan Konglim နဲ့ မိသားစုဟာ ၎င်းရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် စုစုပေါင်းတန်ဖိုး ဘတ် ၉၂.၈ သန်းကျော်ရှိတဲ့ ပရဟိတအလှူအတန်းတွေကို ပြုလုပ်ခဲ့ပါတယ်။ မျက်မမြင်ကျောင်းဆောင် တည်ဆောက်ရေးအတွက် ဘတ် ၉ သန်း၊ ဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံရေးနဲ့ ဝေဒနာခံစားနေရတဲ့ သံဃာတော်တွေရဲ့ ဆေးကုသမှုစရိတ်တွေအတွက်လည်း ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့ပါတယ်။ အထူးသဖြင့် ကျန်းမာရေးဌာနတွေနဲ့ ဒေသန္တရအဖွဲ့အစည်းတွေအတွက် ဘတ် ၃၇ သန်းတန်ဖိုးရှိတဲ့ အရေးပေါ်လူနာတင်ယာဉ် ၃၁ စီးကိုပါ ထပ်မံလှူဒါန်းခဲ့တာကြောင့် စုစုပေါင်းလှူဒါန်းမှုဟာ ဘတ်သန်း ၁၀၀ နီးပါးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။



news-view-count-icon

15