back

Miss Grand Myanmar ပြိုင်ပွဲကို ခွင့်ပြုချက်မရမီ ကျင်းပခဲ့သဖြင့် Eravati sule Yangon ဟိုတယ်ကို ခြောက်လယာယီပိတ်ထား

May 08 • 1:53 PM

breaking-news

Myanmar

Yangon

cover

Miss Grand Myanmar ပြိုင်ပွဲကို ခွင့်ပြုချက်မရမီ ကျင်းပခဲ့သဖြင့် Eravati sule Yangon ဟိုတယ်ကို ခြောက်လယာယီပိတ်ထား

Miss Grand Myanmar ပြိုင်ပွဲကို ခွင့်ပြုချက်မရမီ ကျင်းပခဲ့သဖြင့် Eravati sule Yangon ဟိုတယ်ကို ခြောက်လယာယီပိတ်ထားသည်ဟုသိရပါသည်။အဆိုပါဟိုတယ်တွင် တည်းခိုရန် စုံစမ...

Miss Grand Myanmar ပြိုင်ပွဲကို ခွင့်ပြုချက်မရမီ ကျင်းပခဲ့သဖြင့် Eravati sule Yangon ဟိုတယ်ကို ခြောက်လယာယီပိတ်ထားသည်ဟုသိရပါသည်။အဆိုပါဟိုတယ်တွင် တည်းခိုရန် စုံစမ်းခဲ့သူတစ်ဦးကလည်း လတ်တလောတွင် ဟိုတယ်ကို အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် ဧည့်သည်လက်မခံသေးကြောင်း ပြောကြားသည်။The Eravati Sule Grand Yangon ဟိုတယ်မှာ ၁၈၆၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော အကောက်ခွန်ရုံးကိုညပြန်လည်ပြင်ဆင်ကာ ၂၀၂၂ ခုနှစ်တွင် The Eravati Sule Grand Yangon အမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ဝေဖန်မှုများ မြင့်တက်ခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲကို အဆိုပါဟိုတယ်တွင် မေ ၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်မှာ မယ်သီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ လူအများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။သာသနာ​ရေးဝန်ကြီး​ဌာန၏ ထုတ်ပြန်ချက်တွင် Miss Grand Myanmar ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် တာချီလိတ် အလှမယ် အိမွန်လွင်က ထေရဝါဒဗုဒ္ဓဘာသာ သာသနာ့အနွယ်ဝင် သီလရှင်ဝတ်စုံကို ဝတ်ဆင်ပြီး Model Show လျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများပေါ်တွင် Video File ပျံ့နှံ့ခဲ့မှုအပေါ် အလှမယ် အိမွန်လွင် အပါအဝင် ယင်းပြိုင်ပွဲကျင်ပရေးနှင့်ဆက်စပ်သည့် တာဝန်ရှိသူများအား လိုအပ်သလို စိစစ်ဖော်ထုတ်အရေးယူပေးနိုင်ပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၅-၅-၂ဝ၂၆ ရက်တွင် ညှိနှိုင်းမေတ္တာရပ်ခံထားပြီးဖြစ်ပါကြောင်း ​ဖော်ပြထားသည်။Miss Grand Myanmar ပြိုင်ပွဲမှာလည်း လတ်တလော အခြေအနေများကြောင့် ကျန်ရှိနေသည့်ပြိုင်ပွဲအချို့ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်ဟု Miss Grand Myanmar ကသတင်းထုတ်ပြန်ထားသည်။




news-view-count-icon

49