back

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လေပြင်းတို-က်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားတိုင်များ ကျိုးပဲ့ပျ-က်စီး၊ စက်မှုဇုန်ရှိ အလုပ်ရုံအချို့ ဓာတ်အားယာယီပြ-တ်တေ-ာက်လျက်ရှိ

May 08 • 12:58 PM

breaking-news

Myanmar

Yangon

cover

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လေပြင်းတို-က်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားတိုင်များ ကျိုးပဲ့ပျ-က်စီး၊ စက်မှုဇုန်ရှိ အလုပ်ရုံအချို့ ဓာတ်အားယာယီပြ-တ်တေ-ာက်လျက်ရှိ

ယနေ့ (မေလ ၈ ရက်) မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ရာ လျှပ်စစ်ဓာတ်အားလိုင်းတိုင်အချို့ ကျိုးပဲ့ပျ-က်စ...

ယနေ့ (မေလ ၈ ရက်) မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လေပြင်းတို-က်ခတ်မှုဖြစ်ပွားခဲ့ရာ လျှပ်စစ်ဓာတ်အားလိုင်းတိုင်အချို့ ကျိုးပဲ့ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့ပြီး စက်မှုဇုန်အတွင်းရှိ အလုပ်ရုံအချို့တွင် ဓာတ်အားယာယီပြ-တ်တေ-ာက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။မွန်းလွဲ (၁) နာရီ (၂၀) မိနစ်အချိန်ခန့်တွင် တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ 66/11kV, 10MVA ငါးပိ၊ ငါးခြောက်ခွဲရုံ၊ 11kV ဖီဒါ (၁) ၏ ဂန္ဓမာလမ်း Transformer မှတစ်ဆင့် ဓာတ်အားပေးထားသော (၉) မီတာ လေးထောင့်ကွန်ကရစ်တိုင် (၄) တိုင် ကျိုးပဲ့ပျ-က်စီးသွားခဲ့သည်။ ထိုသို့ ပျ-က်စီးမှုများကြောင့် စက်မှုဇုန် (၂)၊ ခေတ္တာလမ်းရှိ အလုပ်ရုံ (၅) ရုံတို့တွင် ဓာတ်အားယာယီပြ-တ်တေ-ာက်နေခြင်းဖြစ်သည်။ဓာတ်အားပြ-တ်တေ-ာက်နေသည့် နေရာများတွင် လျှပ်စစ်ဝန်ထမ်းများက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို ချက်ချင်းစတင် ဆောင်ရွက်လျက်ရှိသည်။ ပျ-က်စီးသွားသော တိုင်များကို အစားထိုးလဲလှယ်ပြီးပါက ဓာတ်အားအမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်နေကြောင်း သက်ဆိုင်ရာ လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ မိဘပြည်သူများထံသို့ အသိပေးပန်ကြားထားသည်။




news-view-count-icon

32