back

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက် မှတ်ရစာမေးပွဲများ ကျင်းပ

May 08 • 8:49 AM

breaking-news

Myanmar

Local

cover

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက် မှတ်ရစာမေးပွဲများ ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (Na...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို ယနေ့တွင် တစ်ပြိုင်နက်တည်း စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။အဆိုပါ စာမေးပွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား/သူ စုစုပေါင်း (၁,၄၆၇) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာန (၂၂) ဌာနဖွင့်လှစ်ပညာသင်ကြားနေပြီး သင်တန်းသားများမှာ ၂၀၂၃ ပညာသင် နှစ်တွင် တက်ရောက်သင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။စာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရေးဖြေစာမေးပွဲကို မေလ (၆) ရက်မှ (၁၂) ရက်နေ့အထိလည်းကောင်း၊ လက်တွေ့နှုတ်ဖြေ စာမေးပွဲကို မေလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိလည်းကောင်း ဖြေဆိုကြရမည်ဖြစ်သည်။

news-view-count-icon

45