ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (ဘီအိုအိုင်) သည် စုစုပေါင်းတန်ဖိုး ဘတ် ၉၅၈ ဘီလျံ(အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ) တန်ဖိုးရှိသော အဓိကစီမံကိန်းကြီး ၆ ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါ အတည်ပြုချက်များတွင် TikTok ၏ ထိုင်းနိုင်ငံတွင်း လုပ်ငန်းခွဲက ဆောင်ရွက်မည့် ဘတ် ၈၄၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဘီလျံခန့်) တန်ဖိုးရှိ အကြီးစား ဒေတာအခြေခံအဆောက်အဦတိုးချဲ့ရေးစီမံကိန်းလည်း ပါဝင်ကြောင်း ဘီအိုအိုင်I ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။“ဒီစီမံကိန်းဟာ ဘန်ကောက်၊ စမွတ်ပရာကန်နဲ့ ချချိုးဆောင်ပြည်နယ်တွေတစ်လျှောက်မှာ ဆာဗာအသစ်တွေ တပ်ဆင်တာ၊ ဒေတာသိမ်းဆည်းမှုနဲ့ လုပ်ဆောင်မှု အခြေခံအဆောက်အဦတွေကို တိုးချဲ့တာတွေ ပြုလုပ်သွားမှာပါ။ ဒါဟာ များပြားတိုးပွါးလာတဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှာဖြစ်သလို ဒေသတွင်း ဒစ်ဂျစ်တယ်အခြေခံအဆောက်အဦပိုင်းမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်” ဟု ဘီအိုအိုင်က ဆိုသည်။
| 17 | 0 | 0 | 0 |


