လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။လျှပ်စစ်ဓာတ်အားကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၂ ရက်မှစ၍ အဆင့်ဆင့်တိုးမြှင့်ထုတ်လုပ်ပေးခဲ့ရာ ယနေ့အချိန်အထိ နေ့စဉ် လျှပ်စစ်ဓာတ်အား ယူနစ်(၅ ဒသမ ၆၀၆) သန်းတိုးတက်ဖြန့်ဖြူးပေးနိုင်ခဲ့ကာ တစ်နေ့လျှင် လျှပ်စစ်ဓာတ်အား ယူနစ်(၆၅)သန်းခန့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိသည်။အဆိုပါ တိုးမြင့်ရရှိသည့် လျှပ်စစ်ဓာတ်အားများအ နက် ရန်ကုန်တိုင်းအတွက် မူလဖြန့်ဖြူးထားသည့် ယူနစ်သန်း(၃၀)အပြင် ထပ်မံခွဲဝေရရှိလာသည့် ယူနစ်(၂)သန်းအား တိုင်းအတွင်းရှိ အများပြည်သူများသို့ တိုးမြှင့်ဖြန့်ဖြူးပေးလျက်ရှိသည်ဟု အသိပေးခဲ့သည်။
May 08 • 8:12 AM
Myanmar
Yangon
Share
| 52 | 0 | 0 | 0 |


