back

ရှမ်းပြည်နယ်၊တာချီလိတ်၌ မိနစ်ပိုင်းသာ မိုးရွာသော်လည်း ရပ်ကွက်အချို့ ရေဝင်ရောက်

May 08 • 6:18 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊တာချီလိတ်၌ မိနစ်ပိုင်းသာ မိုးရွာသော်လည်း ရပ်ကွက်အချို့ ရေဝင်ရောက်

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးခဏရွာသွန်းရုံဖြင့် ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်ကာ လမ်းများပေါ်၌ ရေလျှံမှုများ ဖြစ်ပွားခဲ့...

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ယမန်နေ့ညက မိုးခဏရွာသွန်းရုံဖြင့် ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်း ရေဝင်ရောက်ကာ လမ်းများပေါ်၌ ရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ယမန်နေ့ မေလ ၇ ရက် ည ၁၁ နာရီဝန်းကျင်တွင် ၁၅ မိနစ်ခန့်သာ မိုးရွာသွန်းခဲ့ခြင်းဖြစ်သော်လည်း အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေဝင်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။"မိုးခဏလေးရွာတာတောင် ဆိုင်ထဲ ရေဝင်လာတယ်။ အခုက မိုးတွင်းတောင် မဟုတ်သေးဘူး။ တကယ့်မိုးတွင်းဆိုရင်တော့ မလွယ်လောက်ဘူး" ဟု ပုန်းထွန်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ပုန်းထွန်ရပ်ကွက်နှင့် အခါဈေးရှိ နေအိမ်၊ ဆိုင်ခန်းအချို့ ရေဝင်ရောက်ခဲ့သလို၊ ပါလျံရပ်ကွက်ရှိ လမ်းများပေါ်တွင်လည်း ရေလျှံခဲ့ကြောင်း သိရသည်။

news-view-count-icon

33