back

ပြည်တွင်းရှိဖရဲ–သခွား တောင်သူများ စံချိန်တင်အရှုံးပေါ်

May 08 • 2:42 AM

breaking-news

Myanmar

Local

cover

ပြည်တွင်းရှိဖရဲ–သခွား တောင်သူများ စံချိန်တင်အရှုံးပေါ်

မြန်မာနိုင်ငံရှိ တောင်သူတွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ ၂၀၂၅–၂၀၂၆ ဖရဲသီးနဲ့ သခွားမွှေး ရာသီမှာစံချိန်တင်အရှုံးပေါ်ခဲ့တယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။အခုရာသ...

မြန်မာနိုင်ငံရှိ တောင်သူတွေနဲ့ ပို့ကုန်လုပ်ငန်းရှင်တွေ ၂၀၂၅–၂၀၂၆ ဖရဲသီးနဲ့ သခွားမွှေး ရာသီမှာစံချိန်တင်အရှုံးပေါ်ခဲ့တယ်လို့ သစ်သီးကုန်သည်တွေဆီက သိရပါတယ်။အခုရာသီအတွင်း သခွားမွှေးပို့ကုန်တွေရဲ့ ရောင်းဈေးမှာ ပြီးခဲ့တဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ ကျဆင်းသွားပြီးထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေ တိုးမြင့်လာခဲ့တယ်လို့ ဆိုပါတယ်။ပြည်တွင်းဈေးကွက်တွင်လည်း လောင်စာဆီပြဿနာတွေနဲ့ ပို့ဆောင်ရေးအခက်အခဲတွေကြောင့် အချိန်မီ ဈေးကွက်ကို မရောက်နိုင် ဖြစ်ပေါ်နေပြီး ဈေးနှုန်းတည်ငြိမ်မှု မရှိသေးဘူးလို့ တောင်သူတွေ က ပြောပါတယ်။တရုတ်ဈေးကွက်ဘက်တွင်လည်း ဝယ်လိုအားထက် ရောင်းလိုအား များပြားနေတာက အဓိက ပြဿနာတရပ်ဖြစ်နေပြီး တရုတ်ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအပြင် လာအိုနဲ့ မြန်မာနိုင်ငံအတွင်း တရုတ်လုပ်ငန်းရှင်တွေရဲ့ စိုက်ပျိုးမှု တိုးလာခြင်းကြောင့် စုစုပေါင်း ထုတ်လုပ်မှု ပမာဏ မြင့်တက်လာပြီး စားသုံးမှုမှာ ကျဆင်းနေပါတယ်။

news-view-count-icon

65