back

တနင်္သာရီတိုင်းရှိ အသက်အကြီးဆုံး ထားဝယ် Biker ဦးသီးလှိုင် ကွယ်လွန်

May 08 • 2:40 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်းရှိ အသက်အကြီးဆုံး ထားဝယ် Biker ဦးသီးလှိုင် ကွယ်လွန်

တနင်္သာရီတိုင်း၊ထားဝယ်ဒေသ စက်ဘီးအားကစားအသိုင်းအဝိုင်းတွင် နာမည်ကျော်သည် အသက်ကြီးဆုံး Dawei Biker ဦးသီးလှိုင်သည် ယနေ့ မေလ ၇ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ကွယ်လွန်...

တနင်္သာရီတိုင်း၊ထားဝယ်ဒေသ စက်ဘီးအားကစားအသိုင်းအဝိုင်းတွင် နာမည်ကျော်သည် အသက်ကြီးဆုံး Dawei Biker ဦးသီးလှိုင်သည် ယနေ့ မေလ ၇ ရက် နံနက် ၁ နာရီဝန်းကျင်တွင် ကွယ်လွန်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ဦးသီးလှိုင် ကွယ်လွန်ချိန်တွင် အသက် ၉၈ နှစ်ရှိပြီဖြစ်ပြီး လူကြီးရောဂါဖြင့် ကွယ်လွန်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။"အဘိုးက ကျန်းမာရေးလိုက်စားတော့ ရောဂါကြီးကြီးမားမားမရှိဘူး။ တစ်လလောက်တော့ နေမကောင်းဖြစ်လိုက်တယ်။ လူကြီးရောဂါပဲ ပြောရမယ်" ဟု ၎င်းက ပြောဆိုသည် ။၂၀၁၀ ခုနှစ် အသက် ၈၀ အရွယ်တွင် ထားဝယ်ဒေသခံ စက်ဘီးဝါသနာရှင်နှစ်ဦးနှင့်အတူ ဦးသီးလှိုင်သည် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ မြို့များသို့ မောင်းတိန်းစက်ဘီးဖြင့် စက်ဘီးစီးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်လည်း ထားဝယ်မြို့မှ မြိတ်မြို့သို့ တစ်ကိုယ်တော် စက်ဘီးစီးခဲ့သေးသည်။အသက် ၉၀ ဝန်းကျင်အထိ တစ်ပတ်လျှင် တစ်ကြိမ် မိုင် ၅၀ မှ ၁၀၀ အကြား စက်ဘီးစီးခဲ့သေးကြောင်း ဦးသီးလှိုင်က ပြောဆိုဖူးသည်။

news-view-count-icon

41