back

မန္တလေး - ထီးချိုင့် - မြစ်ကြီးနားလမ်းပိုင်း ပြန်ဖွင့်ပေမယ့် ကားအများစုက မသွားရဲသေးဘဲ အခြေအနေစောင့်ကြည့်နေ

May 08 • 2:38 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး - ထီးချိုင့် - မြစ်ကြီးနားလမ်းပိုင်း ပြန်ဖွင့်ပေမယ့် ကားအများစုက မသွားရဲသေးဘဲ အခြေအနေစောင့်ကြည့်နေ

မန္တလေး - ထီးချိုင့် - မြစ်ကြီးနားလမ်းပိုင်းကို သွားလာခွင့် ပြန်ဖွင့်ပေးလိုက်ပေမယ့် လတ်တလောမှာ အိမ်စီးကားတချို့သာ သွားလာမှုရှိပြီး ကုန်ကား နဲ့ ခရီးသည်တင်ကား အမျ...

မန္တလေး - ထီးချိုင့် - မြစ်ကြီးနားလမ်းပိုင်းကို သွားလာခွင့် ပြန်ဖွင့်ပေးလိုက်ပေမယ့် လတ်တလောမှာ အိမ်စီးကားတချို့သာ သွားလာမှုရှိပြီး ကုန်ကား နဲ့ ခရီးသည်တင်ကား အများစုကတော့ သွားလာခြင်း မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိမှာ ကားအများစုကတော့ ချက်ခြင်းမသွားသေးဘဲ အခြေအနေစောင့်ကြည့်နေကြပြီး မြစ်ကြီးနား - ရွှေဘိုလမ်းပိုင်းရဲ့ ကွင်းလမ်းတွေကနေသာ သွားလာနေဆဲ ဖြစ်တယ်လို့ ကားသမားတွေက ဆိုပါတယ်။ ဒါကြောင့် အိမ်စီးကားတချို့ကတော့ မနေ့ကတည်းက စမ်းသပ်သွားလာမှုရှိခဲ့ပြီး ခရီးစဥ်တလျှောက်မှာ စစ်ဆေးမှုရှိပေမယ့် သွားလာရတာ အဆင်ပြေတယ်လို့ သိရပါတယ်။

news-view-count-icon

33