ထိုင်းနိုင်ငံတွင် တရုတ်ဘာသာပြန်အဖြစ် လုပ်ကိုင်သူ မြန်မာလုပ်သားကို တရုတ်အလုပ်ရှင်နှင့် လူတစ်စုက ဝိုင်းဝန်းနှိပ်စက်ခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာလုပ်သားက တရုတ်အလုပ်ရှင်အပါအဝင် လူတစ်စုက ငါးနာရီကျော်ကြာ ဝိုင်းဝန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး ဥပဒေအရ အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်သည်ဟု သိရသည်။ကိုသားသားအမည်ရှိ ယင်းမြန်မာလုပ်သားမှာ ခန္ဒာကိုယ်အနှံ့တွင် ဒဏ်ရာအများအပြားရရှိကာ ထွက်ပြေးလာပြီးနောက်တွင် ထိုင်းနိုင်ငံတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် Gun Jompalang ထံအကူအညီတောင်းခံခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြထားသည်။နှိပ်စက်ခံရသည့် မြန်မာလုပ်သား၏ အဆိုအရ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တရုတ်အလုပ်ရှင်များအတွက် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့ပြီး တစ်လလျှင် ဘတ် ၂၀,၀၀၀ ရရှိသော်လည်း လုပ်ခဘတ် ၁၂,၀၀၀ ခန့် မပေးရသေးကြောင်း သတင်းတွင် ရေးသားထားသည်။
ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် တရုတ်ဘာသာပြန်အဖြစ် လုပ်ကိုင်သူ မြန်မာလုပ်သားကို တရုတ်အလုပ်ရှင်နှင့် လူတစ်စုက ဝိုင်းဝန်းနှိပ်စက်
May 08 • 2:37 AM
Thailand
Local News
Share
| 19 | 0 | 0 | 0 |


