ရှမ်းပြည်၊တောင်ကြီး၌ ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာမြို့တွင် ဖမ်းမိ

May 07 • 1:52 AM

breaking-news

Myanmar

Shan

breaking-news
cover

ရှမ်းပြည်၊တောင်ကြီး၌ ဝန်ထမ်းအမျိုးသမီးကို ရိုက်နှက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင်ကို တုံတာမြို့တွင် ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို ဧည့်သည် ပေးသည့် (မုန့်ဖိုး ၅,၀၀၀) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိ...

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၌ ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်ကို ဧည့်သည် ပေးသည့် (မုန့်ဖိုး ၅,၀၀၀) ရသည့်ကိစ္စ မပြောပြသဖြင့် ရိုက်နှက်သတ်ဖြတ်ခဲ့သည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာကို ကျိုင်းတုံခရိုင်၊ တုံတာမြို့ နယ်မြေရဲစခန်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းအနေဖြင့် နောင်တရသဖြင့် လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။"ဒီနေ့ပဲ တောင်ကြီးကို ပို့မယ်ကြားတယ်။ အမှုက တောင်ကြီးမှာ ဖြစ်တာဆိုတော့ အဲဒီကိုပဲ ပြန်ပို့မှာပါ" ဟု တုံတာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ပြစ်မှုကျူးလွန်သူသည် သေဆုံးသူ၏ အလောင်းအား သုဿာန်သို့ တိတ်တဆိတ် ပို့ဆောင်ရန် စီစဉ်နေစဉ်အတွင်း တိုင်ကြားမှုကြောင့်သာ ရဲတပ်ဖွဲ့က သိရှိခဲ့ရခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ၏ မျက်နှာ၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ရိုက်နှက်ခံထားရသော ဒဏ်ရာများစွာ တွေ့ရှိခဲ့ရသည်။

news-view-count-icon

21