back

ညောင်ရွှေတွင် လောင်းကစားဝိုင်းများကြောင့် ခိုးဆိုးလုနှိုက်မှု ပေါများလာပြီး ဒေသခံများ လုံခြုံရေးစိုးရိမ်နေရ

May 06 • 12:47 PM

breaking-news

Myanmar

Shan

cover

ညောင်ရွှေတွင် လောင်းကစားဝိုင်းများကြောင့် ခိုးဆိုးလုနှိုက်မှု ပေါများလာပြီး ဒေသခံများ လုံခြုံရေးစိုးရိမ်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ရွှေရန်ပြေဘုရားအရှေ့ဘက် ရွှေလင်ဗန်းဘုန်းကြီးကျောင်းဝန်းအတွင်း လောင်းကစားဝိုင်းများအား အမိန့်ရဝိုင်းသဖွယ် ဖွင့်လှစ်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ ရွှေရန်ပြေဘုရားအရှေ့ဘက် ရွှေလင်ဗန်းဘုန်းကြီးကျောင်းဝန်းအတွင်း လောင်းကစားဝိုင်းများအား အမိန့်ရဝိုင်းသဖွယ် ဖွင့်လှစ်ကစားနေခြင်းကြောင့် ဒေသတွင်း ခိုးဆိုးလုနှိုက်မှုများ ပေါများလာပြီး ဒေသခံများ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။အဆိုပါ လောင်းကစားဝိုင်းများကို နေ့စဉ် နံနက် ၁၁ နာရီဝန်းကျင်မှစတင်ကာ မိုးလင်းပေါက် ပြုလုပ်နေသည်မှာ (၁၅) ရက်ခန့် ရှိလာပြီဖြစ်ကြောင်း၊ ၎င်းဝိုင်းများတွင် လေးကောင်ဂျင်၊ ဖဲဝိုင်းများနှင့် ဘောလုံးပွဲများ ပါဝင်ကြောင်း သိရသည်။ လောင်းကစားဝိုင်းများကို လက်နက်ကိုင်လုံခြုံရေးများ ချထားကာ အကာအကွယ်ပေးထားပြီး ပြီးခဲ့သည့် ရွှေလင်ဗန်းဘောလုံးပွဲစဉ်အတွင်းကလည်း ဆက်ကြေးကိစ္စ အငြင်းပွားမှုဖြစ်ပွားကာ သေနတ်ဖောက်ခဲ့မှုများကြောင့် ပြည်သူများ ထိတ်လန့်ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။


news-view-count-icon

28