back

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

May 06 • 12:45 PM

breaking-news

Myanmar

Kayin

cover

ဘားအံမြို့၌ တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့်စက်သုံးဆီများရောင်းချပေး

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်...

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ စိုက်ပျိုးတောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် စက်သုံးဆီများကို ယနေ့ မေ ၆ ရက်နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ရောင်းချပေးခဲ့ကြောင်း သိရသည်။သီးနှံစိုက်ခင်းများရေပြည့်ဝစွာရရှိရေးအတွက် ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်ယာမြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်များပူး ပေါင်းရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တောင်သူတစ်ဦးလျှင် (၅)ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၂)စုမှ တောင်သူ(၁၉၅)ဦးအတွက် ဓာတ်ဆီ(၁)ဂါလံလျှင် ငွေကျပ်(၂၁,၀၀၀)နှုန်းဖြင့် ဂါလံ(၅၀၀)၊ ဒီဇယ် (၁)ဂါလံလျှင် ငွေကျပ်(၂၄,၄၀၀)နှုန်းဖြင့် (၄၇၅)ဂါလံတို့ကိုရောင်းချပေးခဲ့ကြောင်း သိရသည်။




news-view-count-icon

39