မန်စီးတီးအသင်းသည် အသင်း၏ အကယ်ဒမီထွက် အင်္ဂလန်တိုက်စစ်ကစားသမား ဖိုဒန်အား ၂၀၃၀ ပြည့်နှစ်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဖိုဒန်သည် လက်ရှိစာချုပ်အရ ၂၀၂၇ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုအခါ ၂၀၃၀ အထိ စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထပ်မံသက်တမ်းတိုးနိုင်မည့် သဘောတူညီချက်လည်း ပါဝင်သည်။ ၎င်းသည် မကြာသေးမီက ပရီးမီးယားလိဂ်တွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် စိုးရိမ်မှုများ ရှိနေသော်လည်း အသင်းမှထွက်ခွာရန် စဉ်းစားခဲ့ခြင်းမရှိဘဲ ဟာလန်း၏ အေးဂျင့်ဖြစ်သူ ပီမန်တာ၏ ကူညီမှုဖြင့် အသင်းနှင့် အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
May 06 • 9:14 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


