ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ အနောက်မြောက်ရပ်ကွက်၊ အနောက်ဘက်ဘုရားကြီးလမ်းတွင် မေလ ၆ ရက်နေ့၊ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။ အဆိုပါမီးလောင်မှုသတင်းအရ ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းနှင့် အရန်မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ် (၃) စီး၊ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။
| 23 | 0 | 0 | 0 |


