နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ပျဉ်းမနား-တောင်ညိုလမ်းရှိ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မေလ ၆ ရက်နေ့၊ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သတင်းအရ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်းနှင့် ပညာသိဒ္ဓိနယ်မြေမီးသတ်စခန်းတို့မှ ကယ်ဆယ်ရေးယာဉ်များဖြင့် သွားရောက်ကူညီခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား ၄ ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ဗဟိုမီးသတ်စခန်းမှ လူနာတင်ယာဉ်ဖြင့် နေပြည်တော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့ဝင်များမှ လူညပ်နေသူအား ကယ်ဆယ်ပေးခဲ့
May 06 • 8:32 AM
Myanmar
Naypyidaw
Share
| 25 | 0 | 0 | 0 |


