back

ဂျပန် MEXT Scholarship 2027 ကို မေ ၁၄ ရက်တွင် စတင်လျှောက်ထားနိုင်

May 06 • 8:21 AM

breaking-news

Japan

Local News

cover

ဂျပန် MEXT Scholarship 2027 ကို မေ ၁၄ ရက်တွင် စတင်လျှောက်ထားနိုင်

ဂျပန်နိုင်ငံမှ ပေးအပ်သည့် MEXT Scholarship 2027 အတွက် လျှောက်လွှာများကို လာမည့် မေလ ၁၄ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင...

ဂျပန်နိုင်ငံမှ ပေးအပ်သည့် MEXT Scholarship 2027 အတွက် လျှောက်လွှာများကို လာမည့် မေလ ၁၄ ရက်နေ့မှ စတင်၍ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) မှ ထုတ်ပြန်ကြေညာထားသည်။ အဆိုပါ ပညာသင်ဆုကို Undergraduate (တက္ကသိုလ်အဆင့်)၊ College of Technology (စက်မှုနည်းပညာကောလိပ်) နှင့် Specialized Training College (သက်မွေးပညာကောလိပ်) ဟူ၍ အစီအစဉ် သုံးမျိုးဖြင့် ခေါ်ယူသွားမည်ဖြစ်သည်။Undergraduate အစီအစဉ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ် ၄၅၀ နှင့်အထက် သို့မဟုတ် နိုင်ငံတကာအဆင့်မီစာမေးပွဲများတွင် ၆၀ ရာခိုင်နှုန်းနှင့်အထက် ရရှိထားရမည်ဖြစ်ပြီး၊ ကျန်အစီအစဉ်နှစ်ခုအတွက်မူ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ် ၄၂၀ နှင့်အထက် သို့မဟုတ် နိုင်ငံတကာစာမေးပွဲများတွင် ၅၀ ရာခိုင်နှုန်းနှင့်အထက် ရရှိထားသူများ လျှောက်ထားနိုင်သည်။ လျှောက်ထားလိုသူများအနေဖြင့် လိုအပ်သော အရည်အချင်းသတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံများကို MAJA ၏ တရားဝင်စာမျက်နှာမှတစ်ဆင့် ရယူစုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

news-view-count-icon

1