ကချင်ပြည်နယ်၊ ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်မြို့နယ်တွင် နယ်မြေအခြေအနေကြောင့် လမ်းပိတ်ထားသဖြင့် ကြက်သား၊ ဝက်သား တစ်ပိဿာလျှင် ကျပ် (၈)သောင်းဝန်းကျင် ဈေးပေါက်နေကြောင်း ဒေသခံများက ပြောကြားသည်။ယခင်က အသားငါးဈေးသည် တပိဿာလျှင် ကျပ် (၅)သောင်းဝန်းကျင်သာရှိသော်လည်း ကုန်ပြတ်လပ်မှုကြောင့် အဝယ်များကာ ဈေးမြင့်တက်လာခြင်းဖြစ်သည်။“ ကြက်ဥက တစ်လုံးတစ်ထောင်။ ဒါပေမယ့် ဆိုင်တွေမှာ မရှိတော့ဘူး ” ဒေသခံတစ်ဦးက ပြောပြသည်။
May 06 • 5:07 AM
Myanmar
Kachin
Share
| 30 | 0 | 0 | 0 |


