back

မန္တလေး စားသောက်ကုန်ဈေးကွက်အတွင်း တရုတ်ထုတ်ကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်လာ

May 06 • 5:05 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး စားသောက်ကုန်ဈေးကွက်အတွင်း တရုတ်ထုတ်ကုန်ပစ္စည်းများ ပြတ်လပ်မှုဖြစ်လာ

မန္တလေးစားသောက်ကုန်ပစ္စည်းဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ်ကုန်များ ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း ဒေသခံများကြားမှ သိရသည်။တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်မျိုးစုံဖ...

မန္တလေးစားသောက်ကုန်ပစ္စည်းဈေးကွက်အတွင်း တရုတ်နိုင်ငံထုတ်ကုန်များ ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း ဒေသခံများကြားမှ သိရသည်။တရုတ်နိုင်ငံထုတ်အမှတ်တံဆိပ်မျိုးစုံဖြင့် ပုံမှန်ဝရောက်လျက်ရှိသော အချိုရည်၊ မုန့်ပဲသရေစာအပါအဝင် စားသောက်ကုန်ပစ္စည်းအတော်များများ ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ အသေးစား Mini Mark လုပ်ငန်းရှင်တစ်ဦးက ပြောသည်။“ကလေးတွေကြိုက်ကြတဲ့ ချိုချဉ်သကြားလုံး၊ နောက်ပြီးတော့ အချိုရည်မျိုးစုံ၊ နောက်ပြီးတော့ အသင့်ထုပ်ပိုး ထားတဲ့ သစ်သီးတွေ၊ ခေါက်ဆွဲခြောက်ဘူး၊ ဘီစကစ်၊ အားဖြည့်ဓာတ်စာ၊ ဒီရက်ထဲဘာတစ်ခုမှကို မရှိဘူး၊ အချို့ဆိုင်တွေ ပစ္စည်းပြတ်ကုန်ပြီ၊ ပစ္စည်းရှိတဲ့ဆိုင်က ထိန်းရောင်းနေတယ်” ဟု ၎င်းကဆိုသည်။ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေသည်မှာ၊ ယနေ့နှင့်ဆိုလျှင် တစ်ပတ်ခန့်ရှိခဲ့ပြီဖြစ်ကြောင်း၊ ပစ္စည်းပြတ်လပ်သဖြင့် ဈေးနှုန်းလည်းမြင့်တက်နေကြောင်း သိရသည်။

news-view-count-icon

88