back

မွန်ပြည်နယ်၊ကရုပ္ပိကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်နေ

May 06 • 2:48 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ကရုပ္ပိကျေးရွာ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်နေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာတွင် မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များကို မိုးတွင်းမရောက်မီ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန် ကရုပ္ပိကျေးရွာ မီး...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာတွင် မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များကို မိုးတွင်းမရောက်မီ အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ရန် ကရုပ္ပိကျေးရွာ မီးဘေးကော်မတီအဖွဲ့မှ စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။နေအိမ်ဖယောင်းတိုင်မီးမှတစ်ဆင့် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က မီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့သည့် ကရုပ္ပိကျေးရွာအနောက်ပိုင်း၊ အဏ္ဏဝါရပ်ကွက်တွင် အိမ်ထောင်စု (၉) စုမှ လူဦးရေ (၃၈) ဦးခန့် မီးဘေးသင့်ခဲ့ရသည်။မီးဘေးသင့်ဒေသခံများအား ကရုပ္ပိကျေးရွာရှိ ရှင်ဥပဂုတ္တဓမ္မာရုံ မီးဘေးသင့်စခန်းနှင့် နီးစပ်ရာအသိမိတ်ဆွေ နေအိမ်များတွင် နေရာချထားပြီး စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို အလှူရှင်များက ဝိုင်းဝန်းထောက်ပံ့ပေးနေရကြောင်း သိရသည်။“ လောလောဆယ်က အလှူရှင်တွေ နေ့တိုင်းအလိုလိုတော့ လာလှူနေတာရှိတယ်။ ဆန်၊ ဆီတို့ အစားအသောက်တွေ အဝတ်အစားတွေရော လာလှူကြတယ် ဘုန်းကြီးကျောင်းကနေပြီးတော့ လာလှူတယ် ပြည်ပကနေလဲလှူတယ် တခြားအဖွဲ့အစည်းကလဲ လာလှူနေတယ် ဒေသခံတွေလဲ ဝိုင်းလှူကြတယ် လောလောဆယ်က ဓမ္မာရုံမှာ သိပ်မနေကြဘူး သူတို့ရဲ့ ဆွေမျိုးအိမ်တွေမှ နေတာများတယ် ” ဟု ကရုပ္ပိကျေးရွာ မီးဘေးကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

news-view-count-icon

35