မြောက်ကိုရီးယားကလပ်အသင်းတစ်သင်းဟာ အခုလနှောင်းပိုင်းမှာ တောင်ကိုရီးယားကို ကြုံတောင့်ကြုံခဲ လာရောက်ကစားမယ်လို သိရပါတယ်။မြောက်ကိုရီးယားအမျိုးသမီးကလပ် နာဂိုယန်းအသင်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဖြစ် တောင်ကိုရီးယားကလပ်ဆူဝမ်အသင်းနဲ့ မေလ ၂၀ ရက်မှာ ကစားရမှာဖြစ်ပါတယ်။မြောက်ကိုရီးယားကလပ်မှာ ကစားသမား ၂၇ ဦးနဲ့ ဝန်ထမ်း ၁၂ ဦး ပါဝင်လာမယ်လို သိရပါတယ်။ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက မြောက်ကိုရီးယားကလပ်ရဲ့ခရီးစဉ်ကို အတည်ပြုပေးခဲ့ပါတယ်။
May 06 • 2:35 AM
South Korea
Local News
Share
| 16 | 0 | 0 | 0 |


