ကချင်ပြည်နယ်ရှိ မြစ်ကြီးနား - ရန်ကုန် - မြစ်ကြီးနား ၊ မြစ်ကြီးနား - မန္တလေး - မြစ်ကြီးနား ခရီးစဥ် လေယာဥ်လက်မှတ်ခစျေးနူန်းတွေ အဆမတန်မြင့်တက်လာတဲ့အပြင် ဝယ်ယူရခက်တဲ့ အခြေအနေပါ ကြုံတွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။ လက်ရှိမှာ မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခနူန်းထားက ပြင်ပလက်မှတ်အရောင်း စျေးကွက်မှာ ခရီးစဥ်တကြောင်းစာကို ၁၅ သိန်းကနေ သိန်း ၂၀ လောက်အထိ စျေးပေါက်နေပြီး မြစ်ကြီးနား - မန္တလေး လေယာဥ်လက်မှတ်ခက ၁၀ သိန်းကနေ ၁၅ သိန်းလောက်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။ အဲဒီလေယာဥ်လက်မှတ်စျေးနူန်းတွေဟာ ပြင်ပမှောင်ခိုစျေးနူန်းတွေဖြစ်ပြီး လေကြောင်းလိုင်းတွေရဲ့ တရားဝင် လက်မှတ်ခစျေးနူန်းထက် နှစ်ဆလောက်အထိမြင့်နေတာ ဖြစ်ပါတယ်။ လေယာဥ်လက်မှတ်ကို လေကြောင်းလိုင်းတွေမှာ.တိုက်ရိုက်ဝယ်ယူနိုင်ကြောင်း ကြေငြာထားပေမယ့်လည်း ဝက်ဆိုက်ဘ်မှာ ခုံနေရာ မရှိတာကများပြီး ဝယ်ယူလို့ မရတဲ့အခြေအနေတွေကြောင့် ပြင်ပမှာ အဆမတန်စျေးကြီးပေးပြီး ဝယ်ယူနေကြရတယ်လို့ သိရပါတယ်။ 
ကချင်ပြည်နယ်မြစ်ကြီးနား - ရန်ကုန် လေယာဥ်လက်မှတ်ခ ၁၅ သိန်းကနေ ၂၀ ထိပေါက်
May 06 • 2:30 AM
Myanmar
Kachin
Share
| 14 | 0 | 0 | 0 |


