back

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၄.၅အဆင့် ငလျင် ဖားကန့်အထိသက်ရောက်ခဲ့

May 05 • 6:00 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၄.၅အဆင့် ငလျင် ဖားကန့်အထိသက်ရောက်ခဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း  မြေလွှာလှုပ်ရှားမှုဖြစ်ခဲ...

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း  မြေလွှာလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ဒီနေ့ မေလ ၅ရက် မနက် ၁၀နာရီ ၅၀မိနစ်ခန့်မှာ ငလျင်လှုပ်ရှားသွားတာဖြစ်ပါတယ်။မြစ်ကြီးနားမြို့အနီးကို ဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့်မှာ လှုပ်သွားတာလို့ အမေရိကန်ဘူမိလေ့လာရေးဌာန USGS  ထုတ်ပြန်ထားပါတယ်။မိုးဇလကမြစ်ကြီးနားမြို့အနောက်-အနောက်တောင်ဘက်၉၅ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့ဟာ မိုင်၁၀၀ကျော် ကွာဝေးပြီး ဒီနေ့ မနက်လှုပ်ရှားတဲ့ငလျင်ကြောင့် ဖားကန့်ဒေသခံတွေလည်း စိုးရိမ်ခဲ့ကြပါတယ်။ငလျင်ကြောင့် ထိခိုက်ပျက်စီးမရှိဘူးလို့ ဒေသခံအချို့ကပြောပါတယ်။

news-view-count-icon

71