back

ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ Ubon Ratchathani က မိသားစု

May 04 • 3:26 PM

breaking-news

Thailand

Local News

cover

ဆေးရုံ တိုးချဲ့ဖို့ ဘတ် သန်း ၁,၀၀၀ တန်ကြေးရှိ မြေကို ရက်ရက်ရောရော လှူဒါန်းလိုက်တဲ့ Ubon Ratchathani က မိသားစု

ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချာဌာနီ (Ubon Ratchathani) ရှိ Smitthaman မိသားစုမှ အမွေဆက်ခံသူ မောင်နှမ ၄ ဦးဟာ ဝါရင်ချမ်ရတ် (Warin Chamrap) ဆေးရုံ တိုးချဲ့နိုင်ဖို့အတွ...

ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချာဌာနီ (Ubon Ratchathani) ရှိ Smitthaman မိသားစုမှ အမွေဆက်ခံသူ မောင်နှမ ၄ ဦးဟာ ဝါရင်ချမ်ရတ် (Warin Chamrap) ဆေးရုံ တိုးချဲ့နိုင်ဖို့အတွက် မြို့လယ်ခေါင်မှာရှိတဲ့ ဘတ်ငွေ ၁ ဘီလီယံ (ဘတ် သန်း ၁,၀၀၀) ခန့် တန်ဖိုးရှိတဲ့ မြေဧရိယာ ၆၇ ရိုင် (၁၀၇,၀၀၀ စတုရန်းမီတာ)နီးပါးကို လှူဒါန်းလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်နေ့က ဆေးရုံအုပ်ကြီးနဲ့ တာဝန်ရှိသူတွေဟာ အလှူရှင်မိသားစုထံကနေ မြေလှူဒါန်းမယ့် စာလွှာကို တရားဝင် လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ လှူဒါန်းလိုက်တဲ့ မြေကွက်ဟာ ခမ်နမ်ဆပ် (Kham Nam Saep) ရပ်ကွက်မှာ တည်ရှိတာဖြစ်ပြီး ကွယ်လွန်သူ ဒုဗိုလ် Pin Smitthaman နဲ့ ဇနီးဖြစ်သူ Wichian Smitthaman တို့ရဲ့ သားသမီးတွေဖြစ်တဲ့ Prapit၊ Narumon၊ Laddawan နဲ့ Kannika Smitthaman တို့က ပူးပေါင်းလှူဒါန်းခဲ့တာပါ။ ဒီမြေနေရာကို ဒေသတွင်း တိုးပွားလာတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ဆေးဘက်ဆိုင်ရာ ဗဟိုဌာနအသစ်တစ်ခု တည်ဆောက်ဖို့အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။





news-view-count-icon

9