back

တစ်လအတွင်း ပြည်ပပြန်ထွက်ခွင့် ပယ်ချခံရသည့် ခွင့်ပြန် အလုပ်သမား ၆၀၀ ကျော်ထိ ရှိလာ

May 04 • 3:59 AM

breaking-news

Myanmar

Local

cover

တစ်လအတွင်း ပြည်ပပြန်ထွက်ခွင့် ပယ်ချခံရသည့် ခွင့်ပြန် အလုပ်သမား ၆၀၀ ကျော်ထိ ရှိလာ

၂၀၂၆ ခုနှစ် ဧပြီလအတွင်း ပြည်ပမှ ခွင့်ဖြင့်ပြန်လာသည့် မြန်မာအလုပ်သမား ၆၀၈ ဦးကို အလုပ်သမားဝန်ကြီးဌာနက ပြည်ပပြန်ထွက်ခွါခွင့် ပယ်ချခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက...

၂၀၂၆ ခုနှစ် ဧပြီလအတွင်း ပြည်ပမှ ခွင့်ဖြင့်ပြန်လာသည့် မြန်မာအလုပ်သမား ၆၀၈ ဦးကို အလုပ်သမားဝန်ကြီးဌာနက ပြည်ပပြန်ထွက်ခွါခွင့် ပယ်ချခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများထံမှ သိရသည်။ အဓိကအားဖြင့် OWIC ကတ်ပါ အချက်အလက်နှင့် ခွင့်စာပါ လုပ်ငန်းအမျိုးအစား မတူညီခြင်း၊ ပြောင်းလဲနေသော စည်းကမ်းချက်များနှင့် မညီညွတ်ခြင်းတို့ကို အကြောင်းပြ၍ ပယ်ချနေခြင်းဖြစ်သည်။ထို့အပြင် ပြည်ပရောက်အလုပ်သမားများအနေဖြင့် မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ မလွှဲမရှောင်သာ ပေးပို့ရန် ဖိအားပေးမှုများရှိနေပြီး၊ ပြန်လည်ထွက်ခွါရာတွင် သံရုံးထောက်ခံစာများ မဖြစ်မနေလိုအပ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက ကန့်သတ်ချက်များ ထုတ်ပြန်ထားသည်။ အေဂျင်စီများ၏ အဆိုအရ အဆိုပါ အဟန့်အတားများသည် တရားဝင်သတ်မှတ်ချက်များထက် ငွေကြေးတောင်းခံမှုများအပေါ်တွင် ပိုမိုမူတည်နေကြောင်း သိရပါသည်။

news-view-count-icon

67