မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်ရှိ ပီကန်နီနာစ် (Pekan Nenas) လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှ ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား (၁၀၄) ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း (၂၃၂) ဦးကို ၂၀၂၆ ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ နေရပ်ပြန်ပို့ခံရသူများသည် သက်ဆိုင်ရာသံရုံးများမှ ထုတ်ပေးသည့် ခရီးသွားစာရွက်စာတမ်းများဖြင့် လေဆိပ်နှင့် ရေကြောင်းဆိပ်ကမ်းများမှတစ်ဆင့် ထွက်ခွာသွားကြခြင်းဖြစ်ပြီး၊ ၎င်းတို့အားလုံးကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက အမည်ပျက်စာရင်း (Blacklist) သွင်းထားကာ သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်ထားကြောင်း ထုတ်ပြန်ထားပါသည်။
May 04 • 3:20 AM
Malaysia
Local
Share
| 27 | 0 | 0 | 0 |


