back

ထိုင်း အလုပ်သမား ဝန်ကြီးက တစ်နိုင်ငံလုံးမှာ နိုင်ငံခြားသား အလုပ်သမား ပါမစ်တွေကို အရေးပေါ် စစ်ဆေးဖို့ ညွှန်ကြား

May 04 • 3:18 AM

breaking-news

Thailand

Local News

cover

ထိုင်း အလုပ်သမား ဝန်ကြီးက တစ်နိုင်ငံလုံးမှာ နိုင်ငံခြားသား အလုပ်သမား ပါမစ်တွေကို အရေးပေါ် စစ်ဆေးဖို့ ညွှန်ကြား

ထိုင်းနိုင်ငံ၊ Surat Thani ပြည်နယ်၊ Koh Phangan ကျွန်းရှိ ကလေးထိန်းကျောင်းတစ်ခုမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ ခန့်ထားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာအာ...

ထိုင်းနိုင်ငံ၊ Surat Thani ပြည်နယ်၊ Koh Phangan ကျွန်းရှိ ကလေးထိန်းကျောင်းတစ်ခုမှာ တရားမဝင်နိုင်ငံခြားသားအလုပ်သမားတွေ ခန့်ထားတယ်ဆိုတဲ့ သတင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်တွေက မေလ ၁ ရက်နေ့မှာ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ဒီစစ်ဆေးမှုမှာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသား စုစုပေါင်း ၉ ယောက်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါကြောင့် အလုပ်သမားဝန်ကြီး Julapun Amornvivat က နိုင်ငံတစ်ဝန်းမှာရှိတဲ့ လုပ်ငန်းခွင်တွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အရေးပေါ် စစ်ဆေးဖို့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။အလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan ကလည်း ဝန်ကြီးရဲ့ ညွှန်ကြားချက်အတိုင်း ဘန်ကောက်နဲ့ နယ်အသီးသီးက ရုံးခွဲတွေကို တင်းတင်းကျပ်ကျပ် စ-စ်ဆေးဖို့ ဆင့်ဆိုထားပါတယ်။ အထူးသဖြင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိတဲ့သူတွေနဲ့ ခွင့်ပြုထားတဲ့ အလုပ်အမျိုးအစားအပြင် တခြားအလုပ်တွေ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်။

news-view-count-icon

22