ရင်နင့်စရာကောင်းလွန်းတဲ့ သတင်းတစ်ခုကြောင့် ဒီနေ့မှာ လူမှုကွန်ရက်အသုံးပြုသူတွေ အားလုံး တုန်လှုပ်ခြောက်ခြားနေရပါတယ်။ လှိုင်သာယာမြို့နယ်၊ (၁၄) ရပ်ကွက်၊ ပပဝင်းလမ်းမှာ နေထိုင်တဲ့ အဖွားအိုတစ်ဦးဟာ သူမရဲ့ ခင်ပွန်းဖြစ်သူရဲ့ ရက်စက်လှတဲ့ နှိပ်စက်မှုကို ခံခဲ့ရပါတယ်။ဖြစ်စဉ်ရဲ့ အခြေအနေဆိုးအမျိုးသမီးအင်္ဂါနဲ့ ပေါင်ပိုင်းတွေကို အက်စစ်နဲ့ ပက်ခံထားရတာ ကြောင့် ဒဏ်ရာတွေဟာ အတော်လေးကို ပြင်းထန်နေပါတယ်။ ဆေးကုသဖို့ ငွေကြေးမရှိတာကြောင့် ရက်ပေါင်းများစွာ အောင့်အည်းသည်းခံနေခဲ့ရရာကနေ အခုဆိုရင် ဒဏ်ရာတွေမှာ ပိုးတွေတက်ပြီး အခြေအနေက အသက်အန္တရာယ်ရှိတဲ့အထိ ဆိုးရွားနေတာပါ။မြင်ရသူတိုင်း ကြက်သီးထရလောက်အောင် ဝေဒနာခံစားနေရတဲ့ ဒီအဖွားကို အကျိုးတော်ဆောင် ဆယ်လီပုတု က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကယ်တင်ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆေးကုသစရိတ်က အလွန်များပြားနေတာကြောင့် အကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ်။



