မြစ်ကြီးနားမြို့၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲ၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ အရည်အချင်းစစ် စာမေးပွဲ ကျင်းပ

May 03 • 1:28 PM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆို ပူဇော်ပွဲ၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ အရည်အချင်းစစ် စာမေးပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ မေလ (၃)ရက်နေ့ နံနက် (၈)နာရီအချိန်က အောင်ဇေရန်အောင်ကျောင်းတိုက်၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ မေလ (၃)ရက်နေ့ နံနက် (၈)နာရီအချိန်က အောင်ဇေရန်အောင်ကျောင်းတိုက်၌ (၁၃)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ၊ ဗုဒ္ဓဝံသဝိသာရဒဘွဲ့ အရည်အချင်းစစ် စာမေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ဗုဒ္ဓဘာသာဝင်များ၏ သာသနာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ ကချင်ပြည်နယ် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့(မြစ်ကြီးနား)၊ အောင်ဇေရန်အောင်ကျောင်းတိုက် အောင်သပြေတစ်ထောင် သာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တဥတ္တမသီရိနှင့် သုတစုံလင်ဗုဒ္ဓဝင်အဖွဲ့ မြစ်ကြီးနား စာဖြေဌာန တာဝန်ခံ ဦးသုဝဏ္ဏ (သာသနဓဇဓမ္မာစရိယ)တို့မှ ကြီးမှူးကာ ပြည်နယ်အဆင့် အရည်အချင်းစစ် ဗုဒ္ဓဝံသဝိသာရဒဘွဲ့ စာမေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း စာမေးပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ယခုကျင်းပသည့် ပြည်နယ်အဆင့်စာမေးပွဲတွင် မူလတန်းအဆင့် (၂၂)ဦး၊ အလယ်တန်းအဆင့် (၁၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။





news-view-count-icon

13