back

ရှမ်းပြည်နယ်၊သိန္နီမြို့မှာ မြန်မာငွေနဲ့ စျေးဝယ်တာကို လက်မခံတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြား အငြင်းပွားမှုဖြစ်ပွား

May 03 • 6:05 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊သိန္နီမြို့မှာ မြန်မာငွေနဲ့ စျေးဝယ်တာကို လက်မခံတာကြောင့် ဝယ်သူနဲ့ ရောင်းသူကြား အငြင်းပွားမှုဖြစ်ပွား

ရှမ်းပြည်နယ်၊သိန္နီမြို့မှာ မြန်မာငွေနဲ့ လာဝယ်သည့် စျေးဝယ်သူကို ဆိုင်ရှင်က လက်မခံတာကြောင့် အငြင်းပွါးတဲ့ ဖြစ်စဉ် ဒီရက်ပိုင်းအတွင်းထဲမှာ ဖြစ်ပွါးခဲ့တယ်လို့ သိန္...

ရှမ်းပြည်နယ်၊သိန္နီမြို့မှာ မြန်မာငွေနဲ့ လာဝယ်သည့် စျေးဝယ်သူကို ဆိုင်ရှင်က လက်မခံတာကြောင့် အငြင်းပွါးတဲ့ ဖြစ်စဉ် ဒီရက်ပိုင်းအတွင်းထဲမှာ ဖြစ်ပွါးခဲ့တယ်လို့ သိန္နီမြို့ ဒေသခံတွေက ပြောပါတယ်။ယခု ရက်ပိုင်းအတွင်း သိန္နီမြို့မှာ ဖရဲသီးလာရောင်းတဲ့ တရုတ်‌ အရောင်းသမားစီ ဈေးလာဝယ်တဲ့ စျေးဝယ်သူက မြန်မာနိုင်ငံအတွင်းထဲမှာမို့ မြန်မာငွေနဲ့ ပေးချေခဲ့တာကို ၎င်းက တရုတ်ငွေမဟုတ်ဟု ဆိုကာလက်မခံတာကြောင့် အငြင်းပွါးမှု ဖြစ်တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။သိန္နီမှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုလာပြီးနောက် မြန်မာကျပ်ငွေထက် တရုတ်ယွမ်ငွေကို သုံးစွဲမှုပိုများလာနေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် နယ်စပ်ဒေသတွေမှာရှိတဲ့ ဆိုင်ခန်းခအခွန်တွေလည်း တရုတ်ယွမ်နဲ့သာ ပိုမိုပေးဆောင်ကြရတာဖြစ်ပြီး စာသင်ကျောင်းတွေမှာည်း တရုတ်စာ သင်ကြားလာတဲ့ အခြေအနေအထိ ရှိလာတာ ဖြစ်ပါတယ်။

news-view-count-icon

84