ရန်ကုန်တိုင်း၊ရွာသာကြီးဘက်စုံမွေးမြူရေးစခန်းရှိ အစာစပ်စက်ရုံမြေကို နှစ်ရှည်ငှားရမ်းမည်

May 03 • 1:22 AM

breaking-news

Myanmar

Yangon

breaking-news
cover

ရန်ကုန်တိုင်း၊ရွာသာကြီးဘက်စုံမွေးမြူရေးစခန်းရှိ အစာစပ်စက်ရုံမြေကို နှစ်ရှည်ငှားရမ်းမည်

ရန်ကုန်တိုင်း၊ရွာသာကြီးဘက်စုံမွေးမြူရေးစခန်းရှိ အစာစပ်စက်ရုံမြေကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမယ်လို့ စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ...

ရန်ကုန်တိုင်း၊ရွာသာကြီးဘက်စုံမွေးမြူရေးစခန်းရှိ အစာစပ်စက်ရုံမြေကို နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့်ပြုမယ်လို့ စိုက် ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီကနေ သိရပါတယ်။စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် အစာစပ်စက်ရုံမြေ၊ အဆောက်အအုံ (၅) လုံးနဲ့ စက် ပစ္စည်း (၃) မျိုးကို နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမှာဖြစ်ပါတယ်။အဲဒါကြောင့် စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင် ကုမ္ပဏီတွေအနေနဲ့ တင်ဒါအဆိုပြုလွှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။တင်ဒါအဆိုပြုလွှာနဲ့ စည်းကမ်းချက်တစ်စုံကိုတော့ ငွေကျပ် တစ်သောင်းနှုန်းနဲ့ နေပြည်တော်ရှိ မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲမှာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။တင်ဒါအဆိုပြုလွှာ တင်သွင်းသူတွေအနေနဲ့ မေလ ၁၅ ရက် နောက်ဆုံးထားပြီး စီးပွားရေးရာအထောက် အကူပြုဌာနကို ပြန်လည် တင်သွင်းရမှာဖြစ်ပါတယ်။

news-view-count-icon

16