back

ဒိုင်ဗင်ကမ္ဘာ့ဖလား စူပါဖိုင်နယ်ပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု ငါးခုဖြင့် လွှမ်းမိုး

May 02 • 5:14 PM

breaking-news

China

Local News

cover

ဒိုင်ဗင်ကမ္ဘာ့ဖလား စူပါဖိုင်နယ်ပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု ငါးခုဖြင့် လွှမ်းမိုး

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် World Aquatics (ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ်) ဒိုင်ဗင်ကမ္ဘာ့ဖလား စူပါဖိုင်နယ်ပြိုင်ပွဲ ဖွင့်ပွဲ...

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် World Aquatics (ကမ္ဘာ့ရေပေါ်ရေအောက်အားကစားအဖွဲ့ချုပ်) ဒိုင်ဗင်ကမ္ဘာ့ဖလား စူပါဖိုင်နယ်ပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သည့် မေ ၁ ရက်၌ တရုတ်နိုင်ငံက ရွှေတံဆိပ်ဆု ငါးခုစလုံးကို သိမ်းပိုက်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ဝမ်ကျုံးယွမ် နှင့် ကျိန့်ကျိုယွမ် တို့က မက္ကဆီကိုနိုင်ငံမှ ဒုတိယဆုရှင် Juan Manuel Celaya Hernandez နှင့် Osmar Olvera Ibarra တို့ထက် ၄၀ မှတ်ကျော်သည့် ရမှတ် ၄၆၀.၆၈ မှတ်ဖြင့် အမျိုးသားနှစ်ယောက်တွဲ ၃ မီတာ ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး ကြေးတံဆိပ်ဆုကိုမူ ဗြိတိန်နိုင်ငံမှ Anthony Harding နှင့် Jack Laugher တို့က ရရှိခဲ့ကြသည်။ အမျိုးသမီးပြိုင်ပွဲ၌လည်း ချန်ကျား နှင့်ချန်ရိဝန် တို့က နှစ်ယောက်တွဲ ၃ မီတာ ချန်ပီယံဆုကို ရမှတ် ၃၃၁.၀၅ မှတ်ဖြင့် ရရှိခဲ့သည်။



news-view-count-icon

4