back

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

May 02 • 4:19 AM

breaking-news

Myanmar

Local

cover

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အမေရိကန်နိုင်ငံရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာ...

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အမေရိကန်နိုင်ငံရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် Well Luck Co., Ltd. တို့မှ တာဝန်ရှိသူများပါဝင်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အမေရိကန်ဈေးကွက်သို့ တင်ပို့ရာ၌ လိုအပ်မည့် FDA ဆိုင်ရာသတ်မှတ်ချက်များနှင့် လုပ်ငန်းစဉ်များကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး၊ အစပျိုးအနေဖြင့် ပေါ်ဆန်းဆန်နမူနာများ ဦးစွာပေးပို့ကာ ကွန်တိန်နာတစ်စီးခန့် စတင်တင်ပို့နိုင်ရေးကို အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

45