ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းရှိ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ရှေ့တွင် မေလ ၂ ရက်နေ့၊ နံနက် ၆ နာရီ ၂၇ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူညပ်နေကြောင်း သတင်းအရ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ်ခဲ့ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး စိုးရိမ်ရဒဏ်ရာများရရှိခဲ့သဖြင့် မဟာလူမှုကူညီရေးအသင်းယာဉ်ဖြင့် တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀) သို့ ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်တိုက်ခံရသည့် အခြားအမျိုးသားတစ်ဦးမှာမူ သေဆုံးသွားခဲ့သဖြင့် မင်္ဂလာဒုံလူမှုကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည်။
May 02 • 3:42 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


