ယမန်နေ့ ဧပြီ ၃၀ ရက် ညနေ ၅နာရီခွဲ ခန့်က လားရှိုးမြို့နယ်၊ နမ့်ဗေဒါကျေးရွာအနီးတွင် အသက် ၈ နှစ်အရွယ်နှင့် ၇ နှစ် အရွယ် ယောင်္ကျားလေး ၂ ဦး စစ်ကျန် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိဆော့ကစားရာမှ လက်ပစ်ဗုံး ကိုင်ထားသည့် အသက် ၇ အရွယ် ကလေး၏လက်ထဲ၌ ပေါက်ကွဲပြီး နေရာတင် ပွဲချင်းပြီး သေဆုံး သွားခဲ့ကာ အခြား ၈ နှစ်အရွယ် ကလေးမှာမူ ဒဏ်ရာ ပြင်းထန်တာကြောင့် လားရှိုးဆေးရုံကို ပို့ဆောင် လိုက်ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ စစ်မက် ဖြစ်ပွားခဲ့ရာနေရာများတွင် ပေါက်ကွဲစေတတ်သည့် စစ်လက်ကျန် ပစ္စည်းများကို တွေ့ရှိသူများ ကိုင်တွယ်ဆော့ကစားခြင်း မပြုကြရန် ပညာပေးအဖွဲ့အစည်းများက လှုံ့ဆော် ပညာပေးလျက်ရှိသည်။



