ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီမှ ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို မေလ ၁ ရက်နေ့မှစတင်ကာ ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ သုခဒဂုံအိမ်ရာအထိ လမ်းကြောင်းတိုးချဲ့ပြေးဆွဲပေးနေပြီ ဖြစ်သည်။ အဆိုပါလမ်းကြောင်းသစ်သည် သုခဒဂုံအိမ်ရာမှ စတင်ကာ သပြေခြံလမ်းဆုံ၊ စိတ်ကျန်းမာရေးဆေးရုံ၊ ဒဂုံတက္ကသိုလ်၊ ရတနာလမ်းနှင့် တာမွေဈေးမှတစ်ဆင့် မင်္ဂလာဈေးအထိ ပြေးဆွဲပေးမည်ဖြစ်သည်။ ခရီးသည်များ အဆင်ပြေစေရန်အတွက် နံနက် ၅ နာရီ ၁၅ မိနစ်မှ ညနေ ၄ နာရီခွဲအထိ၊ ၁၀ မိနစ်မှ မိနစ် ၂၀ လျှင် တစ်စီးနှုန်းဖြင့် ပုံမှန်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
May 01 • 7:49 AM
Myanmar
Yangon
Share
| 49 | 0 | 0 | 0 |


