မေလ ၁ ရက်နေ့အတွက် ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်မြို့တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ၄,၅၁၅ ကျပ်၊ 95 တစ်လီတာလျှင် ၄,၆၇၀ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၅,၂၇၅ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၆,၄၅၅ ကျပ် သို့ ကျဆင်းသွားကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်လိုက်သည်။ ယင်းဈေးနှုန်းများသည် ယခင်အပတ်ထက် ဓာတ်ဆီ 92 မှာ ၁၅၃ ကျပ်၊ 95 မှာ ၂၃၉ ကျပ်၊ ဒီဇယ်မှာ ၄၇၇ ကျပ်နှင့် ပရီမီယံဒီဇယ်မှာ ၅၅၇ ကျပ်အထိ သိသိသာသာ ကျဆင်းလာခြင်းဖြစ်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် နိုင်ငံအတွင်း၌ ရက်ပေါင်း ၆၀ စာ စက်သုံးဆီလုံလောက်မှုရှိနေပြီး၊ ကမ္ဘာ့ရေနံဈေးတက်နေသော်လည်း ပြည်တွင်းဈေးနှုန်းများ တည်ငြိမ်စေရန် အစိုးရက ကြပ်မတ်ဆောင်ရွက်နေသဖြင့် ပြည်သူများအနေဖြင့် လိုအပ်သလောက်သာ ပုံမှန်ဝယ်ယူသုံးစွဲကြရန် အသိပေးနှိုးဆော်ထားပါသည်။
ရန်ကုန်စက်သုံးဆီစျေးနှုန်းများ သိသိသာသာကျဆင်းလာပြီး 92 တစ်လီတာ ၄,၅၁၅ ကျပ် ဖြစ်လာ၊ ဒီဇယ်စျေးနှုန်း ကျပ် ၅၀၀ နီးပါး လျော့ကျ
May 01 • 7:42 AM
Myanmar
Yangon
Share
| 57 | 0 | 0 | 0 |


