back

ရှမ်းပြည်နယ်၊သီပေါမှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတစ်ဆူ ထီးတော် မြေခ၊ ကျောင်းဆောင် ၁ ဆောင်ပျက်စီး

May 01 • 6:27 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊သီပေါမှာ လေပြင်းတိုက်ခတ်လို့ ရှေးဟောင်းစေတီတစ်ဆူ ထီးတော် မြေခ၊ ကျောင်းဆောင် ၁ ဆောင်ပျက်စီး

ရှမ်းမြောက် သီပေါမြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ရှေးဟောင်း စေတီတစ်ဆူရဲ့ ထီးတော် မြေခခဲ့ရပြီး ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသမ...

ရှမ်းမြောက် သီပေါမြို့မှာ လေပြင်းတိုက်ခတ်တာကြောင့် ရှေးဟောင်း စေတီတစ်ဆူရဲ့ ထီးတော် မြေခခဲ့ရပြီး ကျောင်းဆောင် ၁ ဆောင်လည်း ပျက်စီးခဲ့တယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ယမန်နေ့ ညနေ ၅ နာရီခွဲမှာ လေပြင်းတိုက်ခတ်တာကြောင့် သီပေါမြို့ ဇာတ်စုရပ်ကွက်ရှိ ရတနာရွှေဂူကျောင်းတိုက်က ရှေ့ဟောင်းစေတီတော်တစ်ဆူရဲ့ ထီးတော် မြေခခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။လေပြင်းကတော့ ခဏပဲ။ ကျောင်းဆောင်ကတော့ တစ်ဆောင်ပဲပျက်တယ်။ စေတီတစ်ဆူပျက်တယ်။ မိုးရွာတာက ၂ရက် ၃ ရက်လောက်ပဲ ရှိသေးတယ်”ဟု ဒေသခံတစ်ဦးက ပြောပါသည်။

news-view-count-icon

25