ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေတလျှောက် ငါးဖမ်းသမားတွေစီကနေ အုပ်ချုပ် ရေးအဖွဲ့က မကြာခဏ ငွေတောင်းတာတွေ ရှိနေတဲ့အတွက် ငါးဖမ်းသမားတွေမှာ အဆင်မပြေ ဖြစ်နေကြပါတယ်။စက်လှေတစီး တခါတောင်းရင် တသိန်းကျော်၊ နှစ်သိန်းလောက် ပေးရတယ်။ ကမ်းဝေးတွေဆို ပိုများတယ်။ အဲဒါက တလတခါလို့ မဟုတ်ဘူး။ သူတို့ တောင်းချင်တဲ့ အချိန်လာတောင်းနေတော့ ခက်တယ်။ အထက်ကိုတိုင်ပေမယ့် ဘာမှမထူးဘူး” လို့ ချောင်းသာကမ်းခြေမှာ တနိုင်တပိုင် ငါးဖမ်းနေသူတဦးက ပြောပါတယ်။စက်သုံးဆီစျေးတွေ အဆမတန်တက်နေချိန် အဲဒီလို ငါးဖမ်းသမားတွေဆီကနေ ငွေတောင်းနေတာကြောင့် ငါးဖမ်း သမားတွေမှာ တွက်ခြေမကိုက် ဖြစ်နေရတယ်လို့ အထက်ပါငါးဖမ်းသမားက ပြောပါတယ်။ အဲဒီရဲ့ အကျိုးဆက် အနေနဲ့ ငါးစျေးတက်တွေ တက်လာတယ်လို့လည်း ချောင်းသာဒေသခံတွေက ပြောကြပါတယ်။
May 01 • 3:38 AM
Myanmar
Ayeyarwady
Share
| 33 | 0 | 0 | 0 |


