ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်တဲ့ ဧပြီ(၃၀)ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်မှာ ယာယီတိုက်ပွဲရှောင်ပြည်သူတွေကို စားသောက်ကုန်တွေ လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး အလိုတော်ပြည့်ဆရာတော်ကြီးရဲ့လက်ထောက်တပည့်ရင်း အသျှင်ကုမာရဦးဆောင်ကာ ပြည်တွင်း/ ပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ လှူဒါန်းခဲ့တာဖြစ်တယ်လို့မိန့် ပါတယ်။ နှစ်စဉ် လပြည့်နေ့ရောက်တိုင်း စားသောက်ကုန်တွေကိုလှူဒါန်နေတာဖြစ်ပြီး ယာယီတိုက်ပွဲရှောင်တွေကို စားသောက်ကုန်လှူဒါန်းဖြစ်တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ လက်ထောက်တပည့်ရင်း အသျှင်ကုမာရက အခုလိုမိန့်ပါတယ်။အခုလှူဒါန်းမှုမှာ လူဦးရေ(၂၇၀)ဦး၊ အိမ်ထောင်စု(၆၀)ကျော်ကို သား၊ငါး၊သီးနှံအပါအဝင် ဆန်၊ဆီ၊ဆား စတဲ့စားသောက်ကုန် တွေကိုလှူဒါန်းပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
May 01 • 3:36 AM
Myanmar
Yangon
Share
| 31 | 0 | 0 | 0 |


