back

မန္တလေးမြို့သစ်တွင် လျှပ်စစ်လိုင်းကြိုးများ ဖြတ်တောက်ခိုးယူနေသူ၃ဦးကို ပြည်သူ၏သတင်းပေးချက်အရ ဖမ်းဆီး

Apr 30 • 4:05 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးမြို့သစ်တွင် လျှပ်စစ်လိုင်းကြိုးများ ဖြတ်တောက်ခိုးယူနေသူ၃ဦးကို ပြည်သူ၏သတင်းပေးချက်အရ ဖမ်းဆီး

ဖြစ်စဉ်မှာ ယ‌နေ့ နေ့လယ် ၁နာရီ ၄၅မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ်(၁) ရပ်ကွက် ၊ ၆၇လမ်းနှင့် ၁ဝ၂ လမ်းထောင့်အနီးတွင် အမည်မသိသူ (၃)ဦးမှ လျှပ်စစ်လိုင်း...

ဖြစ်စဉ်မှာ ယ‌နေ့ နေ့လယ် ၁နာရီ ၄၅မိနစ်အချိန်တွင် ချမ်းမြသာစည်မြို့နယ် ၊ မြို့သစ်(၁) ရပ်ကွက် ၊ ၆၇လမ်းနှင့် ၁ဝ၂ လမ်းထောင့်အနီးတွင် အမည်မသိသူ (၃)ဦးမှ လျှပ်စစ်လိုင်းကြိုးများ ဖြတ်တောက်ခိုးယူနေကြောင်း တာဝန်သိပြည်သူတဦးမှ ၆၅ လမ်းဓာတ်အားခွဲရုံသို့ ဖုန်းဖြင့်ဆက်သွယ်၍ အသိပေး အကြောင်းကြားခဲ့သည်။သို့ဖြစ်၍ ၆၅ လမ်းဓာတ်အားခွဲရုံမှ တာဝန်ကျ ဂျူတီဝန်ထမ်းများသည် အဆိုပါနေရာသို့ သွားရောက်စစ်ဆေးရာတွင် HDBC No.(4) အမျိုးအစား ၄၀၀ ဗို့လိုင်းကြိုး (၁၀၀)ပေ (၄)ချောင်းအား အမည်မသိသူ (၃)ဦးမှ ဖြတ်တောက်ခိုးယူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီး၍ အမှတ်(၁၁)နယ်မြေရဲစခန်းသို့သွားရောက်ပို့ဆောင်ပြီး အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။ထိုသို့ ကြိုးဖြတ်တောက်ခိုးယူခံခဲ့ရသော နေရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ပစ္စည်းများဖြင့် အစားထိုး၍ ညနေ ၅နာရီ ၄၅မိနစ်အချိန်၌ ပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးထားပြီးဖြစ်သည်။ဖုန်းဖြင့်ဆက်သွယ် သတင်းပေးပို့အကြောင်းကြားခဲ့သော တာဝန်သိ မီးသုံးစွဲသူပြည်သူကြောင့် ယခုကဲ့သို့ ခိုးယူမှု ကျူးလွန်သူများအား ဖမ်းဆီးမိခြင်းဖြစ်သဖြင့် ကျေးဇူးအထူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ ခိုးယူမှုအတွက် ဌာနအနေဖြင့် ဆယ်တင်ပစ္စည်းများဖြင့် အစားထိုးဆောင်ရွက်ပြီး မီးသုံးစွဲသူပြည်သူများသို့ လျှပ်စစ်ဓာတ် အားပြန်လည်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ခဲ့ရကြောင်း ၊ မီးသုံးစွဲမှုအတွက် အဆင်မပြေမှုများရှိခဲ့ပါက မီးသုံးစွဲသူပြည်သူများအား အနူးအညွတ် တောင်းပန်ပါကြောင်း ၊ ယခုကဲ့သို့ လျှပ်စစ်နဲ့ပါတ်သက်သော ကြိုးများ/ ထရန်စဖော်မာများအား ဖြတ်တောက်ခိုးယူ ဖျက်ဆီးခြင်းများအား တွေ့ရှိပါက Hot Line ဖုန်းနံပါတ်(1616)သို့ ဆက်သွယ်အသိပေးပြောကြားပေးကြပါရန် မေတ္တာရပ်ခံ အကူအညီတောင်းခံပါကြောင်း မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး‌ကော်ပို‌ရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။


news-view-count-icon

19