လာမဲ့ပညာသင်နှစ် ကျောင်းဖွင့်ချိန်အတွက် မြန်မာ့နှစ်သစ်ကူး သင်္ကြန်အပြီးမှာ ကျောင်းသုံးပစ္စည်းတွေ ကြိုတင်ဝယ်ယူထားဖို့ ပြင်ဆင်လာကြပေမဲ့ ဈေးတက်လို့ ရောင်းသူ၊ ဝယ်သူ အခက်တွေ့လာကြပါတယ်။ကျောင်းဖွင့်ရာသီမှာ ဈေးတက်မှာ ကြောက်တာကြောင့် သင်္ကြန်အပြီးကတည်းက ကျောင်းသုံးပစ္စည်းတွေ ဝယ်စုလာကြတဲ့ မိဘတွေမှာ မသက်သာတဲ့ဈေးတွေကြောင့် အဆင်မပြေဘူးလို့ ထောက်ကြန့်က ကျောင်းသားမိခင်တယောက်က ပြောပါတယ်။သိမ်ကြီးဈေးအောက်ထပ်က ဈေးအသင့်တင့်၊ ပစ္စည်းအသင့်တင့်ရှိတဲ့ ရွှေနိုင်ငံ ဗလာစာအုပ် အရောင်းဆိုင်မှာတော့ ဈေးဝယ်သူတွေ၊ ကြည့်ရှုသူတွေ ရှိနေပြီး လက္ကားဈေးတွေ တက်လာတယ်လို့ အရောင်းဝန်ထမ်းတယောက်က ပြောပါတယ်။
| 35 | 0 | 0 | 0 |


